Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကဏန်းပျော့ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကဏန်းပျော့ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကဏန်းပျော့ပိဿာချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကဏန်းပျော့ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါကဏန်းပျော့များကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေသဖြင့် တင်ပို့မှုအား ကောင်းနေကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်ကို ဖျာပုံမြို့နယ်ကနေကဏန်းပျော့အပါအဝင် ရေထွက်ကုန်တွေကို တင်ပို့ရောင်းချနေပါတယ်။ ဒီဇင်ဘာလတစ်လအတွင်း ကဏန်းပျော့ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဇန်နဝါရီလထဲမှာလဲ ဖျာပုံမြို့နယ်ကနေ တင်ပို့ရောင်းချနေတဲ့ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေတာက ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်ရှိလာတာကြောင့် ဖြစ်ပါတယ်။ ကဏန်းပျော့တွေဝယ်ယူမှုအားကောင်းလာတော့ ရေလုပ်ငန်းနဲ့ဆက်စပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းလာတာတွေ့ရပါတယ်” ဟု ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြသည်။ ဖျာပုံမြို့နယ်မှ ကဏန်းပျော့အပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် ကဏန်းပျော့ ၁၀ ပိဿာလျှင် ငွေကျပ် ၂၇၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း  သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News