Local News

ဆန်ကွဲ B (2,3,4)ဈေးကျ၍ဧည့်မထဆန် (မနောသုခ)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲ B(1,2)နှင့် ဖွဲနုဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

စပါးဈေးကောင်း၍ တောင်သူများအကျိုးအမြတ်ရှိပြီး ဆန်မျိုးစုံရောင်းဝယ်မှု အပိုင်းတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအား အနည်းအများအပေါ် တွင်မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျဖြစ်ပေါ်လျက်ရှိပါသည်။ ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ၃.၁၀.၂၀၂၄ ရက်နေ့ တွင်  ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၅၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၆၂၀ဝ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၁၀.၁၀.၂၀၂၄ ရက်နေ့တွင် ဧည့်မထဆန် (မနောသု ခ) (ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၅၀၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၂၀ဝကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဆန်ကွဲ B(2,3,4) တစ်အိတ် ၅၀၀ဝကျပ် ဈေးကျ ကာ၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဧည့်မထဆန် (မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲ B(1,2) နှင့်ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲ B(2,3,4) ဈေးကျဆင်းသွားခြင်း မှာ ကုန်ကြမ်းများပြားလျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါ ကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News