Local News

လက်ကျန်များဖြင့် အရောင်းအဝယ်ဖြစ်နေသည့်ပြည်တွင်းသုံးပဲများ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးကွက်အရောင်းအဝယ်အေးနေကြောင်း၊ ပြည်တွင်းသုံး ပဲများမှာလက်ကျန်နည်းလာပြီး ရှိသမျှပဲဖြင့်သာ အရောင်းအဝယ်ဖြစ်နေသော်လည်း ဈေးကွက် အေးနေကြောင်းသိရသည်။ ရေဘေးသင့်ဒေသများသို့ ပဲကြော်ပဲလှော်လှူဒါန်းရန် ဝယ်ယူမှုများ ရှိ သည့်အတွက် ပဲကြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပြည်တွင်းစားသုံးမှုများသည့်ပဲများဖြစ်သော ပဲနီပြား၊စားတော်ပဲ၊ မြေထောက်ပဲနှင့် ထောပတ်ပဲတို့မှာ ဈေးကွက်အဝင်မရှိသော်လည်း လက် ကျန်ပဲများဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်းသိရသည်။ ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်/ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၂၉၅၀၀၀၊ ယခင်လ ကျပ် ၃၂၀၀၀၀ မှ ၃၃၀၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀နိမ့်ကျလာသည်။ ပဲနီပြား(တံတားဦး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၃၅၀၀၀ ၊ ယခင်တစ်ပတ်/ယခင်လ ကျပ် ၄၃၀၀၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်/ယခင်လထက် ကျပ် ၅၀၀၀ မြင့်တက်လာသည်။ ပဲနီပြား(ကျွန်း) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် / ယခင်တစ်ပတ် ကျပ် ၅၁၀၀၀၀၊ ယခင်လ ကျပ်၄၄၀၀၀၀မှ ၅၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေး ငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၇၀၀၀၀ မြင့်တက်လာသည်။ စားတော်ပဲ(ကျွန်း)၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၀၀၀၀မှ ၃၈၅၀၀၀၊ ယခင်လ ကျပ် ၄၀၀၀၀၀ မှ ၄၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၅၀၀၀မှ ၂၅၀၀၀ နိမ့်ကျလာသည်။ မြေထောက်ပဲ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀မှ ၃၅၀၀၀၀၊ ယခင်လ ကျပ်၃၀၀၀၀၀မှ ၃၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး ၊ ယခင်လထက် ကျပ် ၁၀၀၀၀မှ ၃၀၀၀၀ နိမ့်ကျလာသည်။ ထောပတ်ပဲ ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်/ယခင်တစ်ပတ်/ ယခင်လကျပ် ၄၀၀၀၀၀ မှ ၄၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်/ယခင်လအတိုင်း အမြင့်ဈေး ဖြင့် ဈေးငြိမ်နေပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်းသိရသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News