Local News

ပဲမျိုးစုံစျေးနှုန်းစျေးကွက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင်ပဲ မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မကွေးဒေသ အနီး အနားရှိ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာများမှ ပဲမျိုးစုံများလာရောက်၍ အရောင်းအဝယ်ပြု လုပ်လျက်ရှိပါသည်။ မကွေးကုန်စည်ဒိုင်တွင် ယခုလက်ရှိ အရောင်းအဝယ်ဖြစ်သည့်ပဲများမှာ ပဲကြီး၊ မတ်ပဲ၊ ကုလားပဲ၊ စားတော်ပဲတို့ဖြစ်ပါသည်။ မတ်ပဲ၊ ကုလားပဲနှင့် ပဲကြီးသီးနှံတို့မှာ စျေးငြိမ်နေပြီး စားတော်ပဲသီးနှံမှာ စျေးအနည်းငယ်ကျကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါ သည်။ ပဲမျိုးစုံစျေးနှုန်းများအနေဖြင့် စက်တင်ဘာလတွင် မတ်ပဲ ၂၀ပိဿာ၁တင်းလျှင် ကျပ် (၁၃၀၀၀၀)၊ ကုလားပဲ ၁၉ပိဿာ၁တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီး ၁၉ပိဿာ၁တင်းလျှင် ကျပ် (၉၀၀၀၀)၊ စားတော်ပဲ ၂၀ပိဿာ၁တင်းလျှင် ကျပ်(၁၄၅၀၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။ အောက်တိုဘာလတွင် မတ်ပဲ၂၀ပိဿာ၁တင်း ကျပ်(၁၃၀၀၀၀)၊ ကုလားပဲ၁၉ပိဿာ ၁တင်း ကျပ်(၉၇၀၀၀)၊ ပဲကြီး ၁၉ပိဿာ ၁တင်း ကျပ်(၉၀၀၀၀)၊ စားတော်ပဲ ၂၀ပိဿာ ၁တင်း ကျပ် (၁၄၃၀၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ကျန်ပဲများစျေးငြိမ်နေပြီး စား တော်ပဲစျေး အနည်းငယ်ကျလာကြောင်း ကုန်စည်ဒိုင်စျေးနှုန်းအရ သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News