Local News

မကွေးမြို့ပေါ် ကြက်သားစျေး အနည်းငယ်တက်

Last Updated:

မကွေးမြို့ပေါ်စျေးများတွင် ကြက်စာစျေးတက်နေသည့်အတွက် ကြက်သားစျေးများ အနည်းငယ်စျေးတက်နေကြောင်း သိရှိရသည်။ ဈေးကွက်တွင် ဗမာကြက် နှင့် စီပီကြက်ဟူ၍ နှစ်မျိုး နှစ်စား မွေးမြူရောင်းချကြပြီး ဗမာကြက်သားသည် အသားနည်းခြင်း၊ စီပီကြက်ထက် စျေးများခြင်း တို့ကြောင့် စီပီကြက်သားကိုသာ အများဆုံး ဝယ်ယူစားသုံးကြပါသည်။ ကြက်သားစျေးနှုန်းများအနေဖြင့် စက်တင်ဘာလတွင် စီပီကြက်သား တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဗမာကြက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်စျေးတို့ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလတွင် စီပီကြက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ဗမာကြက်သား တစ်ပိဿာ ၂၄၀၀၀ ကျပ်စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက စီပီကြက်သားနှင့်ဗမာကြက်သား တစ်ပိဿာလျှင် ကျပ်(၂၀၀၀) ခန့် စျေးတက်လာသည်ကို တွေ့ ရှိရသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News