Local News

ကြက်သွန်နီအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်နေ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် မိုးကြက်သွန်နီများ ဒီဇင်ဘာလမှစတင်၍ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ မိုးကြက်သွန်နီကို အရည်အသွေးအရ တာရှည်အထားမခံ၍ စိုက်ပျိုးမှုနည်းကြောင်းသိရသည်။ အရည်သွေးအရ လှောင်လက်ပွဲရုံများမှ ဝယ်ယူမှုမရှိဘဲ သုံးစွဲရန်အတွက် ဈေးကိုက်သော အိမ်ရှင်မများသာ မီးဖိုချောင်သုံးအဖြစ်အများဆုံး ဝယ်ယူမှုရှိပြီး ဈေးကွက်ဝင်ရောက်မှုကာလတိုကြောင်း သိရသည်။ ဇန်နဝါရီလဆန်းပိုင်းတွင်ဖြစ်ပေါ်နေသည့် မိုးကြက်သွန်နီအသစ် တစ်ပိဿာဈေးနှုန်းများ မှာ မန္တလေးဈေးကွက်တွင် ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ကျောက်ဆည်ဈေးကွက်တွင် ကျပ် ၂၅၀၀ မှ ၃၀၀၀၊ မြင်းခြံဈေးကွက်တွင် ကျပ် ၃၀၀၀မှ ၃၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ နွေကြက်သွန်နီ (အဟောင်း)မှာ သက်တမ်းကုန်ချိန်ကာလဖြစ်၍  အရည်အသွေးမှာ အရောင်မလှခြင်း၊ အညှောင့်ပေါက်လာခြင်းများဖြစ်နေသော်လည်း အဟောင်းကြိုက်သည့်အိမ်သုံး သမားများက ဝယ်ယူမှုရှိ၍ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက် ဖြစ်နေကြောင်း သိရသည်။ လတ်တလောတွင် နွေကြက်သွန်နီ (အဟောင်း) တစ်ပိဿာဈေးနှုန်းများမှာ မန္တလေး ဈေးကွက်တွင် ကျပ် ၄၀၀၀ မှ ၄၅၀၀၊ ကျောက်ဆည်ဈေးကွက်တွင် ကျပ် ၃၅၀၀ မှ ၄၃၀၀၊ မြင်းခြံဈေးကွက်တွင် ကျပ် ၁၅၀၀ မှ ၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Source:မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News