Local News

ဆီးသီးပေါ်ထွက်ချိန် စျေးနှုန်းစျေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ဆီးသီးများပေါ်ထွက်လာပြီဖြစ်ရာ ယခုနှစ်တွင် ပန်းပွင့် ချိန် မိုးရွာသွန်းခဲ့မှုကြောင့် ထွက်ပေါ်ချိန်နောက်ကျခဲ့ပါသည်။ နိုဝင်ဘာလလောက်မှာ စတင် ထွက်ပေါ်‌သော်လည်း ယခုဇန်နဝါရီလတွင်မှ စျေးကွက်ထဲသို့ ဆီးသီးများ လှိုင်လှိုင်ဝင်ရောက် လာသည်။ အထွက်နှုန်းမှာလည်း ပြီးခဲ့သည့်နှစ်ထက် အနည်းငယ်လျော့နည်းခဲ့သော်လည်း စျေး ကောင်းရရှိသည့်အတွက် တောင်သူများအဆင်ပြေလျက်ရှိပါသည်။ ဆီးသီးဒိုင်အနီးဝန်းကျင် ကျေးရွာများ ဖြစ်သည့် ဆူးကောက်စမ်း၊ အောင်မြေကုန်း၊ ရှားပင်လှ၊ မင်းရွာ၊ ဂေါင်းတော်ဦး ကျေးရွာတို့မှ လာရောက်ရောင်းချကြောင်း သိရှိရသည်။ ယခုအချိန်တွင် စျေးကွက်ထဲသို့ ဆီးသီးအစိုများသာ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ဆီးသီးခြောက်ချိန်တွင် ဆီးဆံကြိတ်ခွဲထုတ်လုပ်ကြကာ ဆီးသီးဖတ်များကို ဆီးမှုန့်ကြိတ်သည့် လုပ်ငန်းရှင်များနှင့် မြေသြဇာထုတ်လုပ်သည့် လုပ်ငန်းရှင်များမှ အဝယ်ရှိပြီး ဆီးခွဲခြမ်းများကို လောင်စာအဖြစ်အသုံးပြုရန် အုတ်ဖုတ်သည့်လုပ်ငန်းရှင်များနှင့် ပဲကြော်လုပ်ငန်းရှင်များမှ အဝယ် ရှိနေပါသည်။ ဆီးသီးစျေးနှုန်းများအနေဖြင့် ယခုနှစ်ပေါက်စျေးမှာ ဆီးသီးစိုတစ်တင်း ကျပ်၁၀၀၀၀ မှ ကျပ်၁၁၀၀၀စျေးထိရရှိနေပြီး ယခင်နှစ်ပေါက်စျေးမှာ ဆီးသီးစိုတစ်တင်း ကျပ်၈၅၀၀ စျေးသာ ရရှိခဲ့တဲ့အတွက် ယခုနှစ်တွင် ကျပ်၂၀၀၀စျေးပိုရရှိခဲ့ကာ တစ်ရက်လျှင် စျေးကွက်ထဲသို့ တင်း၁၀၀မှ ၂၀၀ကြားဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆီးဆံစျေးမှာ ဆီးသီး စိုချိန်ဖြစ်၍ ကြိတ်ခွဲမှုမရှိသေးသည့်အတွက် စျေးမ‌ပေါက်သေးဘဲ ယခင်နှစ်ပေါက်စျေးမှာ ဆီးဆံ တစ်ပိဿာလျှင် ကျပ်၆၀၀၀၀မှ ၈၀၀၀၀စျေးအထိရရှိခဲ့ကာ ဒိုင်သို့ဝင်ရောက်လာသော ဆီးသီးစို များနှင့် ဆီးဆံများကို မန္တလေးသို့တင်ပို့လျက်ရှိကြောင်း ဆီးသီးဒိုင်လုပ်ငန်းရှင်တစ်ဦး၏ သတင်း များအရ သိရှိရပါသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News