Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ရော်ဘာ၊ ပဲမျိုးစုံနှင့် သားငါး ဈေးနှုန်းပေါက်ဈေး

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၂၈၃၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(အသစ်) ကျပ် ၉၇၀၀၀၊ မတ်ပဲ ကျပ် ၁၀၁၀၀၀၊ ပဲလွန်းဖြူ ကျပ် ၇၇၀၀၀၊ ဘိုကိတ် ကျပ် ၈၂၀၀၀၊ ပဲပုပ် ကျပ် ၁၁၅၀၀၀၊ မြေပဲ ၁၇၂၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၄၇၀၀၊ ငါးခုံးမ ကျပ် ၅၂၀၀၊ ငါးကြင်း ကျပ် ၉၃၀၀၊ တီလားဗီးယား ကျပ် ၁၂၀၀၀၊ ပလာတူး ကျပ် ၄၀၀၀၊ ပလာလန်း ကျပ် ၅၂၀၀၊ ငါးကွန်းရှပ် ကျပ် ၁၃၅၀၀၊ ငါးရွေးကြီး ကျပ် ၁၂၀၀၀၊ ငါးပျက် ကျပ် ၈၅၀၀၊ ရွှေငါး ကျပ် ၅၀၀၀၊ ငါးနှပ် ကျပ် ၆၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အကြီး ကျပ် ၇၈၀၀၀ ၊ ရေချိုပုဇွန်ထုပ်(စိမ်း) အလတ် ကျပ် ၅၃၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အငယ် ကျပ် ၄၃၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။ ယခင်ပတ် ဇန်နဝါရီ ၂ ရက်နှင့် ‌ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ၁၀၀ ကျပ် ဈေးကျနေကြောင်း၊ ပဲမျိုးစုံတွင် ပဲတီစိမ်း ဈေးနှုန်းမပြောင်းသော်လည်း မတ်ပဲတစ်တင်း ၅၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၁၀၀၀ ကျပ်၊ ဘိုကိတ် ၆၀၀၀ ကျပ်၊ မြေပဲ ၂၀၀၀ ကျပ် ဈေးနှုန်းကျဆင်း နေပြီး ပဲပုပ်တစ်တင်း ၃၀၀၀ကျပ် ဈေးတက်နေကြောင်း၊ ရေထွက်ကုန်များမှာ ဈေးငြိမ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News