အောင်လံကုန်စည်ဒိုင်တွင် သီးနှံမျိုးစုံဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနှစ်ဆန်း ပိုင်းတွင် စျေးကွက်ထဲသို့ လှိုင်လှိုင်ဝင်ရောက်လာသည့်အတွက် ပဲမျိုးစုံစျေးနှုန်းများ ကျဆင်း လာသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲစင်းငုံ ၂၀ ပိဿာတစ်တင်း ၁၁၅၀၀၀ ကျပ်၊ ပဲတီစိမ်း ၂၀ ပိဿာတစ်တင်း ၁၁၁၀၀၀ ကျပ်၊ မတ်ပဲ ၂၀ ပိဿာ တစ်တင်း ၈၅၀၀၀ ကျပ်၊ ကုလားပဲ(HL) ၂၀ ပိဿာ တစ်တင်း ၁၀၂၀၀၀ ကျပ်၊ ကုလားပဲ(မြကြေး) ၂၀ ပိဿာတစ်တင်း ၁၀၂၀၀၀ ကျပ်၊ ဘိုကိတ်ပြာ ၂၀ ပိဿာ တစ်တင်း ၈၇၀၀၀ ကျပ် စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပဲစင်းငုံ ၂၀ ပိဿာတစ်တင်း ၉၅၀၀၀ ကျပ်၊ ပဲတီစိမ်း ၂၀ ပိဿာတစ်တင်း 990၀၀ကျပ်၊ မတ်ပဲ ၂၀ ပိဿာတစ်တင်း ၇၈၀၀၀ကျပ်၊ ကုလားပဲ(HL) ၂၀ ပိဿာ တစ်တင်း ၉၈၅၀၀ကျပ်၊ ကုလားပဲ(မြကြေး) ၂၀ ပိဿာတစ်တင်း ၉၇၅၀၀ ကျပ်၊ ဘိုကိတ်ပြာ ၂၀ ပိဿာ တစ်တင်း ၇၅၀၀၀ ကျပ်စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲစျေးနှုန်းများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတို့နှင့် နှိုင်းယှဉ်ပါက ပဲစင်းငုံ ၂၀ ပိဿာတစ်တင်း ၁၉၅၀၀ ကျပ်၊ ပဲတီစိမ်း ၂၀ ပိဿာတစ်တင်း ၁၂၀၀၀ ကျပ်၊ မတ်ပဲ ၂၀ ပိဿာတစ်တင်း ၇၀၀၀ ကျပ်၊ ကုလားပဲ(HL) ၂၀ ပိဿာတစ်တင်း ၃၅၀၀ ကျပ်၊ ကုလားပဲ(မြကြေး) ၂၀ပိဿာတစ်တင်း ၄၅၀၀ ကျပ်၊ ဘိုကိတ်ပြာ၂၀ ပိဿာ တစ်တင်း ၁၂၀၀၀ ကျပ် တို့ဖြင့် စျေးများအသီးသီးကျဆင်းလာကြောင်း သိရှိရသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး