Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငှက်ပျောမျိုးစုံ အဖီးရေ ၄၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငှက်ပျောမျိုးစုံ အဖီးရေ ၄၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ်ရှိ ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မျိုးခိုင်က ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်မှ ဒေသထွက်ငှက်ပျောများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကာ ပြီးခဲ့သည့် ဇန်နဝါရီလက ငှက်ပျောမျိုးစုံ အဖီးရေ ၂၉၀၀၀၀ ထိပဲ တင်ပို့ရောင်းချခဲ့ပါတယ်” ဟု ဘိုကလေးမြို့နယ်ရှိ ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မျိုးခိုင်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောဈေးနှုန်းများသည် ဖီးကြမ်းအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၂၅၀၀၀၊ ရခိုင်ငှက်ပျောအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၈၈၀၀၀၊ သီးမွှေးငှက်ပျောအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀၊ ဆင်စွယ်ငှက်ပျောအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀ထိ ဈေးပေါက်ခဲ့ကြောင်း၊ အဆိုပါဒေသမှ တောင်သူများသည် ငှက်ပျောများကို လယ်ကွင်းတွင်လည်းကောင်း စိုက်ပျိုးကြပြီး ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News