Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် ၆၈၇၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၆၅၀ သန်းနှင့်သွင်းကုန် ၁၄၂၆.၉၅၂ တန်၊ ၁၄၅၉၉ U၊ ၁၂၇၆၆၇.၁၃၀ M2၊ ၇၂၀၀၀ 2U၊ ၆၂၁၄.၈၄ BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၁၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏမှာ ၆.၈၂၈ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ရေထွက် ကုန်ပစ္စည်းအုပ်စုတွင် ၄၆၈၄.၈၅၅ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၄.၁၄၄ သန်း၊ လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စုတွင် ၁၇၈၉.၁၅၈ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၄၀၃ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ၄၀၂.၂၃၅ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၁၀၃ သန်း တင်ပို့ နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက် ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများ မှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန် ၁၄၁၉၄.၂၂၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃.၂၄၀ သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်        အရေအတွက်      ဈေးနှုန်း

          (၁)     တာတို(100-200 gm) ၁ ကီလိုဂရမ်   ၀.၉၀၀ ဒေါ်လာ

          (၂)     တူးခက်         ၁ ကီလိုဂရမ်   ၀.၈၁၀ ဒေါ်လာ

          (၃)     ငါးမဲလုံး (1000 gm doiwn)   ၁ ကီလိုဂရမ်   ၀.၉၀၀ ဒေါ်လာ

          (၄)     စက်ဟောက်(100-200 gm)   ၁ ကီလိုဂရမ်   ၀.၆၉၃ ဒေါ်လာ

          (၅)     ကင်းမွန်(8 cm down)          ၁ ကီလိုဂရမ်   ၁.၇၉၀ဒေါ်လာ

          (၆)     လိပ်ကျောက်  ၁ ကီလိုဂရမ်   ၂.၀၀၀ဒေါ်လာ

          (၇)     ကုလားငူ(100-200 gm)        ၁ ကီလိုဂရမ်   ၁.၀၀၀ဒေါ်လာ

          (၈)     ခွေးလျှာ(100-200 gm)         ၁ ကီလိုဂရမ်   ၀.၇၈၄ဒေါ်လာ

          (၉)     ကျောက်ငါး(500-1000gm)    ၁ ကီလိုဂရမ်            ၁.၃၇၆ ဒေါ်လာ

          (၁၀)ရေကြည်ငါး(100gm down)၁ ကီလိုဂရမ်        ၁.၁၀၀ ဒေါ်လာ

Source: https://commerce.gov.mm

Category: Local News