Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၈ ရက်နေ့အတွင်း ပို့ကုန်ငါးကြိတ်သား ၁ တန်လျှင် ၁၈၃၄ ဒေါ်လာနှုန်းဖြင့် ၁၈ တန်၊ တန်ဖိုး ၀.၀၃၃ ဒေါ်လာသန်းအားအကောက်ခွန်သက်သာခွင့် ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များလျှောက်ထားရယူ၍မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် ၁ တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၈ ရက်နေ့အတွင်းသွင်းကုန်ရင်းနှီး မြှုပ်နှံမှုပစ္စည်း ၉၈.၅၅ တန်၊  ၈၀၀ U တန်ဖိုး ၀.၀၄ ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း ၃၂၀ တန်၊ တန်ဖိုး ၀.၀၉၂ ဒေါ်လာသန်း တင်သွင်းနိုင်ငံခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး ၀.၁၃၂ ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ ၁ လီတာ ၃၁၀၀ ကျပ်နှင့် ဒီဇယ်ဆီ ၁ လီတာ ၃၁၅၀ ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ ၁  ဘတ်လျှင် ၁၀၄ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News