Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၅-၄-၂၀၂၄ ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်ခြောက်၊ ပီလောပီနံခြောက်၊ ချုပ်ပြီးအထည်၊ နနွင်းတက်တို့တင်ပို့ခဲ့ပါသည်။ ၅-၄-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ငရုတ်ခြောက်၊ ပီလောပီနံခြောက်၊ ချုပ်ပြီးအထည်၊ နနွင်းတက်တို့ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ ၅-၄-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ ၁ တန်လျှင် ၄၂၉.၉၀ ဒေါ်လာဖြင့် ၈၉၃.၂၃၅ တန်၊ ၀.၃၈၄ ဒေါ်လာသန်း၊ ငရုတ်ခြောက် ၁ တန်လျှင် ၁၅၁၆.၃၈ ဒေါ်လာဖြင့် ၁၁၁.၄၅၀ တန်၊ ၀.၁၆၉ ဒေါ်လာသန်း၊ ပီလောပီနံခြောက် ၁ တန်လျှင် ၁၄၃.၂၄ ဒေါ်လာဖြင့် ၁၁၃၁.၀၀၀ တန်၊ ၀.၁၆၂ ဒေါ်လာသန်း၊CMPပစ္စည်းများ ၁ Uလျှင် ၅.၅၆၁ ဒေါ်လာဖြင့် ၅၉၃၄.၀၀၀ တန်၊ ၀.၀၃၃ ဒေါ်လာသန်း၊ နနွင်းတက် ၁ တန်လျှင် ၅၃၁.၂၅ ဒေါ်လာဖြင့်၊ ၃၂.၀၀၀ တန်၊  ၀.၀၁၇ ဒေါ်လာသန်း တို့ဖြစ်ပါသည်။

၅-၄-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာစားသောက်ကုန်ပစ္စည်းများ ၀.၂၄၇ ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ ၀.၁၁၁ ဒေါ်လာသန်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ ၀.၀၉၆ ဒေါ်လာသန်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ၀.၀၈၁ ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ ၀.၀၇၃ ဒေါ်လာသန်း၊ ဆပ်ပြာ ၀.၀၃၈ ဒေါ်လာသန်း၊ အပ်ချည်ကြိုးများ ၀.၀၃၆ ဒေါ်လာသန်း၊ အခြားစက္ကူများ ၀.၀၃၅ ဒေါ်လာသန်း၊ ဖိနပ် ၀.၀၃၀ ဒေါ်လာသန်းနှင့် စက်ဆီ/ချောဆီများ ၀.၀၂၇ ဒေါ်လာသန်း တို့ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် ၁၀၂ ကျပ်ရှိပြီး ယခုအပတ်တွင် ၁၀၄ ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာမြင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၃.၇၅၀ ကန်ဒေါ်လာသန်း၊ သွင်းကုန် ၅.၈၂၇ ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၉.၅၇၇ ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News