Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် ၃၀-၃-၂၀၂၄ မှ ၅-၄-၂၀၂၄ ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း ၈,၇၇၃.၅၉၀ တန်၊ တန်ဖိုး ၁.၉၈၅ ဒေါ်လာသန်း၊ ကြက်သွန်နီ ၇၇.၀၀၀ တန်၊ တန်ဖိုး ၀.၀၄၂ ဒေါ်လာသန်း၊ ထောပတ်သီး ၃၄.၀၀၀ တန်၊ တန်ဖိုး ၀.၀၁၉ ဒေါ်လာသန်း၊ ငရုတ်သီးခြောက် ၅.၀၀၀ တန်၊ တန်ဖိုး ၀.၀၂၂ ဒေါ်လာသန်း၊ LEAD SULFIDE ၁၃၀.၀၀၀ တန်၊ တန်ဖိုး ၀.၀၅၈ ဒေါ်လာသန်း၊ စက္ကူဖြတ်စ ၁၈၆.၀၀၀ တန်၊ တန်ဖိုး ၀.၀၂၁ ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ ၂၆.၀၀၀ တန်၊ တန်ဖိုး ၀.၀၁၂ အပါအဝင် ပို့ကုန် တန်ဖိုး ၂.၁၅၉ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် ၁ သိန်းလျှင် ၉၄၇.၈၇၀ ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ် ၃၀-၃-၂၀၂၄ မှ ၅-၄-၂၀၂၄ တွင် ဓာတ်ဆီ ၁,၇၉၄ BBL ၊ တန်ဖိုး ၀.၁၇၉ ဒေါ်လာသန်း၊ ဒီဇယ် ၂,၆၂၀ BBL ၊ တန်ဖိုး ၀.၂၈၁ ဒေါ်လာသန်း၊ ဘိလပ်မြေ ၀.၁၀၂ ဒေါ်လာသန်း၊ လယ်ထွန်စက်များ ၀.၀၀၉ ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ ၀.၂၅၃ ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ ၀.၀၀၁ ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ ၀.၀၁၄ ဒေါ်လာသန်း၊ တာယာ ၀.၀၀၃ ဒေါ်လာသန်း၊ ဆပ်ပြာ ၀.၀၁၄  ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ ၀.၀၁၂ ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ ၀.၀၄၅ ဒေါ်လာသန်းနှင့် အခြားပစ္စည်း ၀.၂၉၆ ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး ၁.၂၀၉ ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News