Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်း

Last Updated:

ကြက်သွန်နီ

မော်လမြိုင်ကုန်စည်ဒိုင်သို့ မြစ်သားနှင့်ဆိပ်ဖြူတို့မှ ကြက်သွန်နီများဝင်ရောက်လျက်ရှိရာ ဧပြီလဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး) တစ်ပိသာလျှင်(၃၁၀၀)ကျပ်၊ မြစ်သား(အလတ်)တစ်ပိသာလျှင်(၃၀၀၀)ကျပ်၊ မြစ်သား(အသေး) တစ်ပိသာလျှင်(၂၈၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိသာလျှင်(၂၅၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်) တစ်ပိသာလျှင်(၂၃၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိသာလျှင်(၁၉၀၀)ကျပ်တို့ဖြစ်ပြီး မတ်လနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး)တစ်ပိသာလျှင် (၃၁၀၀)ကျပ်၊ မြစ်သား(အလတ်)တစ်ပိသာလျှင်(၃၀၀၀)ကျပ်၊ မြစ်သား(အသေး)တစ်ပိသာလျှင် (၂၈၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိသာလျှင်(၂၅၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်)တစ်ပိသာလျှင် (၂၃၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိသာလျှင် (၁၉၀၀)ကျပ်တို့ဖြစ်ရာ ဧပြီလဒုတိယပတ်အထိ ကြက်သွန်နီဈေးနှုန်းမှာ အတက်အကျမရှိကြောင်း သိရှိရပါသည်။

ကြက်သွန်ဖြူ        

မော်လမြိုင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းကြက်သွန်ဖြူများ ဝင်ရောက်လျက်ရှိရာ ဧပြီလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ်တစ်ပိသာ လျှင် (၉၅၀၀)ကျပ်၊ ထူးလေးတစ်ပိသာလျှင်(၇၅၀၀)ကျပ်၊ ထူးငါးတစ်ပိသာလျှင် (၇၇၀၀)ကျပ် တို့ဖြစ်ပြီး မတ်လနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် တစ်ပိသာလျှင် (၁၀၅၀၀)ကျပ်၊ ထူးလေးတစ်ပိသာလျှင် (၇၀၀၀) ကျပ်၊ ထူးငါး တစ်ပိသာလျှင် (၇၅၅၀၀) ကျပ်တို့ဖြစ်ရာ ဧပြီလဒုတိယအပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။                                       

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News