Local News

သင်္ကြန်ပွဲတော်ရက်နီးလာ၍ ငါးခြောက်များအရောင်းသွက်

Last Updated:

မကွေးမြို့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ရက် နီးကပ်လာ၍ သင်္ကြန်ရက်စားသုံးရန်နှင့် အလှူအတန်းများတွင် ကျွေးမွေးရန်အတွက် ငါးခြောက်များ ဝယ်ယူမှုများလာ၍ စျေးအနည်း ငယ်မြင့်တက်လာသည်။ ငါးခြောက်များကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း တို့မှ အသီးသီးမှာယူကာ မြို့ပေါ်ရှိ စျေးများတွင် ရောင်းချကြပါသည်။ အညာဒေသတွင် ပုဇွန် ခြောက်၊ ငါးဘတ်ခြောက်၊ ငါးကျည်းခြောက်၊ ငါးတံခွန်ခြောက်၊ ငါးရံ့လုံးခြောက်၊ ငါးရံ့ပြားခြောက်များကို အစားများတဲ့အတွက် အရောင်းအဝယ်လည်းသွက်နေကြောင်း သိရှိရပါသည်။

ပုဇွန်ခြောက်စျေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် ကန်ပုဇွန်ခြောက်(ရှယ်) ကျပ် ၁၂၀၀၀၀၊  အကြီးစ ကျပ် ၈၈၀၀၀၊ အလတ်စ ကျပ် ၈၀၀၀၀၊ အသေးစ ကျပ် ၇၈၀၀၀စျေး၊ ငါးဘတ်ခြောက် စျေးမှာ ကျပ် ၂၈၀၀၀ မှ ကျပ် ၃၂၀၀၀ ထိ၊ ငါးကျည်းခြောက်စျေးမှာ ကျပ် ၈၇၀၀၀မှ ကျပ် ၉၀၀၀၀ ထိ၊ ငါးတံခွန်စျေးမှာ ကျပ် ၂၄၀၀၀၊ ငါးရံ့လုံးခြောက်မှာ ကျပ် ၅၀၀၀၀၊ ငါးရံ့ပြားခြောက်မှာ ကျပ် ၈၀၀၀၀ ကျော်၊ အာဗြဲခြောက်မှာ ကျပ် ၂၅၀၀၀၊ ငါးနီတူခြောက်မှာ ကျပ် ၁၄၀၀၀ စျေးအထိရှိနေပြီး ယခုရက်ပိုင်းတွင် နှစ်သစ်ကူးကာလရုံးပိတ်ရက်များ စားသုံးရန်နှင့် အလှူအတန်းများတွင်သုံးရန် ကြိုတင်ကာ ဝယ်ယူမှုများရှိနေတဲ့အတွက်  အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News