International News

ပြည်တွင်းမှထွက်ရှိသည့်ဆန်များကို အမေရိကန်ဈေးကွက်သို့ တိုးမြှင့်ပို့ဆောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံကြိုးပမ်း

Last Updated:

ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ပြည်တွင်းမှ ဆန်တင်ပို့သူများကို အမေရိကန်ဈေးကွက်ရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အမေရိကန်နိုင်ငံ Otis Mcallister ကုမ္ပဏီမှ  ကမ္ဘာလုံး ဆန်နှင့်ကောက်ပဲ သီးနှံရင်းမြစ်ရှာဖွေရေး ဒုတိယဥက္ကဌ Patrick Murphy၊ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူပြုလုပ်သည့် ကမ္ဘောဒီးယားမှဆန်များကို အမေရိကန်ဈေးကွက်သို့ ပိုမိုပို့ဆောင်နိုင်မည့် ဖြစ်နိုင်ချေများကို ဆွေးနွေးသည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Murphy သည် ကမ္ဘောဒီးယားနိုင်ငံ၏ အလုံးစုံ တိုးတက်လာမှုအပေါ် စိတ်ကျေနပ်မှုပြသခဲ့ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် အရည်အသွေးကောင်းမွန်သည့် ဆန်ထုတ်ကုန်များကို ချီးမွမ်းခဲ့ကြောင်း သိရပါသည်။

ထို့ပြင် ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်၏အဖွဲ့ဝင် ဆန်တင်ပို့သည့် ကုမ္ပဏီ ၁၆ ခုကို ကမ္ဘောဒီးယားဆန်များ အမေရိကန်နိုင်ငံသို့ မကြာခင်တင်ပို့နိုင်ရန်အတွက် သဘောတူညီမှုရရှိရန် Otis Mcallister ကုမ္ပဏီနှင့် တိုက်ရိုက်ထုတ်လုပ်ရန် တွန်းအားပေးခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး Lun Yeng က ဒုတိယဝန်ကြီးချုပ် Sun Changthol ဦးဆောင်သည့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီနှင့် Otis Mcallister ကုမ္ပဏီအကြား အခြားအစည်းအဝေး တစ်ခုပြုလုပ်ခဲ့ကြောင်း၊ Otis Mcallister ကုမ္ပဏီအနေဖြင့် အမေရိကန်ဈေးကွက်သို့ဝယ်ယူရန် သဘောမတူမီ ဆန်စက်များ၏ ထုတ်လုပ်မှုအဆင့်အတန်းကို စစ်ဆေးရန်လိုအပ်ကြောင်း၊ အသင်းချုပ်တွင် အမေရိကန်ဈေးကွက်အဆင့်အတန်းမီသည့် ကုမ္ပဏီနှစ်ခုရှိကြောင်း ပြောကြားခဲ့ပါသည်။

Yeng ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်နိုင်ငံကို တစ်နှစ်လျှင် တန် ၂၀၀၀ မှ ၃၀၀၀ ပမာဏဖြင့် နည်းပါးလှသည့်ပမာဏကိုသာ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ သို့သော် Otis Mcallister ကုမ္ပဏီမှ ကမ္ဘောဒီးယားဆန်များကို ဝယ်ယူရန် သဘောတူပါက တစ်နှစ်လျှင် တန် ၅၀၀၀ မှ ၂၀၀၀၀ ထိ မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။ ယခုနှစ်၏ ပထမလေးလတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၇၀.၂  သန်း တန်ဖိုးရှိသည့် ဆန်တန်ချိန် ၂၄၈၄၉၁ တန်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း သိရပါသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းလိုအပ်မှုထက် ၅၀ ရာခိုင်နှုန်းပိုသည့် ဆန်တန်ချိန် ၇ သန်း ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Khmer Times

Source: https://www.doca.gov.mm

Category: International News