International News

အိန္ဒိယနိုင်ငံသည် ပြောင်း၊ ဟင်းသီးဟင်းရွက်ဆီများအား အခွန်ပေးဆောင်၍ တင်သွင်းခွင့်ပြု

Last Updated:

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် စားနပ်ရိက္ခာဖောင်းပွမှုကိုလျှော့ချရန် ကြိုးစားနေသောကြောင့် တင်သွင်းသူများ၏ အခွန်နှုန်းထားခွဲတမ်း(TRQ)အောက်၌ ပြောင်း၊ နေကြာဆီကြမ်း၊ သန့်စင်ပြီး ပဲဆီနှင့်နို့မှုန့်တို့ကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီနှင့်နေကြာဆီကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီများကို အများဆုံးတင်သွင်းသောနိုင်ငံဖြစ်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများ အများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နေကြာဆီ မက်ထရစ်တန်ချိန်၁၅၀၀၀၀၊ စပါးတန်ချိန်၅၀၀၀၀၀၊ နို့မှုန့်တန်ချိန်၁၀၀၀၀နှင့် သန့်စင်ပြီးသော မုဒုံဆီတန်ချိန်၁၅၀၀၀၀တို့ကိုတင်သွင်းခွင့်ပြုကြောင်း အစိုးရကပြောကြားခဲ့သည်။ ကောက်ပဲသီးနှံများကိုထိခိုက်စေသည့် ဆိုရွားသောရာသီဥတုကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကြောင့် စားနပ်ရိက္ခာဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက တစ်နှစ်ထက်တစ်နှစ် ၈ရာခိုင်နှုန်းဝန်းကျင်တွင်ရှိနေခဲ့ပြီး အတိုးနှုန်းကိုဖြတ်တောက်ခြင်းမှတားဆီးထားသည်။ သွင်းကုန်များအတွက် အိန္ဒိယနိုင်ငံ၏အစိုးရသည် အမျိုးသားနို့ထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့(NDDB)၊ အမျိုးသားသမဝါယမ နို့ထွက်ပစ္စည်းအသင်းချုပ်(NCDF)နှင့် National Agricultural Cooperative Marketing Federation of India(NAFED) ကဲ့သို့သော သမဝါယမနှင့် အစိုးရပိုင်ကုမ္ပဏီများကို ဆန်ခါတင်စာရင်းသွင်းထားသည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ဟင်းသီးဟင်းရွက်ဆီလိုအပ်ချက်၏ ၃ ပုံ ၂ ပုံကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှတင်သွင်းပြီး ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့မှ နေကြာဆီနှင့်ပဲပိစပ်ဆီတို့တင်သွင်းသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့နို့ထွက်ပစ္စည်းအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း မကြာသေးမီက နို့ထွက်ပစ္စည်းထိပ်တန်းဝယ်လိုအားများကြားတွင် ဝယ်လိုအားပြင်းထန်မှုကြောင့် နို့နှင့်နို့ထွက်ပစ္စည်းဈေးနှုန်းများမြင့်တက်လာခဲ့သည်။ ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် အီသနောလုပ်ငန်းရှင်မျာထံမှ ဝယ်လိုအားကောင်းခြင်းကြောင့် ပြည်တွင်းပြောင်းဈေးနှုန်းများမြင့်တက်ခဲ့သည်။

Source: sg.news,yahoo,com

Source: https://www.doca.gov.mm

Category: International News