Local News

ပြောင်းဖူးစေ့ အဝင်နည်းလက်ကျန်နည်းသော်လည်း ပြည်ပတင်ပို့ရန်ဝယ်ယူမှုရှိနေ

Last Updated:

ဇူလိုင်လ ဒုတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်ဈေးကွက်သို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြောင်းဖူးစေ့များ ဝင်ရောက်မှုနည်းလာကြောင်း၊ ဈေးကွက်လက်ကျန်လည်းနည်းလာပြီး ဈေး အေးနေကြောင်းသိရသည်။ ပြောင်းဖူးစေ့ကို ပြည်ပတင်ပို့ရန်စာချုပ်လက်ကျန်ရှိသည် Exporter များ ဝယ်ယူမှုသာရှိနေကြောင်း၊ မန္တလေးဆိပ်ကမ်းမှ နေ့စဉ်တင်ပို့မှု ရှိနေကြောင်း သိရ သည်။

ပြောင်းဖူးစေ့(ဗမာ) ၅၄ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၆၈၀၀၀မှ ၆၉၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၆၆၀၀၀မှ ၆၇၀၀၀၊ ယခင်လတွင်ကျပ် ၆၅၀၀၀မှ ၆၀၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀ ခန့်ဈေးမြင့်လာသည်။

ပြောင်းဖူးစေ့(ရှမ်း)  ၅၄ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၇၁၅၀၀ မှ ၇၂၅၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၆၈၀၀၀မှ ၇၀၀၀၀၊ ယခင်လတွင်ကျပ် ၆၉၀၀၀မှ ၇၀၀၀၀ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် ကျပ်၂၅၀၀မှ၃၅၀၀၊ ယခင်လထက် ကျပ် ၂၅၀၀ ဈေးမြင့်လာသည်။

ပြောင်းဖူးစေ့(စီပီ) ၅၄ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၇၀၀၀၀မှ ၇၂၀၀၀၊ ယခင်တစ်ပတ်တွင် ကျပ်၆၈၀၀၀မှ ၇၀၀၀၀၊ ယခင်လတွင် ကျပ် ၆၉၀၀၀မှ ၇၀၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀မှ ၂၀၀၀ ခန့်ဈေးမြင့်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News