Local News

ယခင်လထက် စျေးကျဆင်းလာတဲ့ ပဲစင်းငုံ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံသီးနှံမှာ အိန္ဒိယဝယ်လိုအားအပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုကာလသည် ပဲစင်းငုံသင်္ဘောတင်ပြီးဖြစ်၍ စျေးအနည်းငယ် ကျဆင်းလာခြင်း ဖြစ်ပါသည်။ ပဲစင်းငုံစိုက်ပျိုးသည့်ကာလဖြစ်၍ တောင်သူလက်ဝယ် မရှိသလောက်ဖြစ်နေပြီး လှောင်လက်သမားများမှ ငွေလို၍ထုတ်ရောင်းနေခြင်းသာ ရှိနေပါသည်။ တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ် ၃၀၀မှ ၄၀၀အကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရသည်။ 
ဇွန်လပထမပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာ ကျပ်(၁၄၁၆၀၀)၊ ဇွန်လ ဒုတိယပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာ ကျပ်(၁၄၇၆၀၀)၊ ဇွန်လ တတိယပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာ ကျပ် (၁၄၄၂၀၀)၊ ဇွန်လ နောက်ဆုံးပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာ ကျပ်(၁၄၄၀၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
ဇူလိုင်လပထမပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာ ကျပ်(၁၄၂၀၀၀)၊ ဇူလိုင်လ ဒုတိယပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာ ကျပ်(၁၄၁၆၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့အတွက်  ပဲစင်းငုံစျေးမှာ ဇွန်လတစ်လလုံး တစ်ဖြေးဖြေးမြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် စျေးပြန်လည်ကျဆင်းလာကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News