Local News

ဝါစျေးနှုန်းအနည်းငယ်မြင့်တက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ အမျိုးအစားများအနေဖြင့် ဝါကြီး၊ မလှိုင်ဝါနှင့် ချည်မျှင်ရှည်ဝါတို့ကို စိုက်ပျိုးကြသော်လည်း ချည်မျှင်ရှည်ဝါအမျိုးအစားကိုသာ အများအပြားစိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ စုစုပေါင်း စိုက် ဧကအနေဖြင့် (၁၇၂၇၉၂)ဧက စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ 
စက်မှုကုန်ကြမ်းဖြစ်သည့်အတွက် ဝါကြိတ်စက်ရုံများမှ အမှာများရှိလျှင်ရှိသလို တင်ပို့ရောင်းချရသည်။ ဝါစေ့ကိုကြိတ်ခွဲပြီး ထွက်ရှိလာသည့်ဝါစေ့ဆီသည် ကျန်းမာရေးနှင့်ညီညွတ်ကာ အကြော်ခံသည့်အတွက် ပဲကြော်လုပ်ငန်းရှင်များမှ ဝယ်လိုအား ရှိနေပါသည်။ ဂွမ်းလိုအပ်ချက် များရှိနေ၍ ဝါကုန်ကြမ်းများ အရောင်းအဝယ်ဖြစ်နေကာ မန္တလေးနှင့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများသို့ တင်ပို့ရောင်းချနေရသည့်အတွက် စျေးနှုန်းအနည်းငယ်မြင့်တက်လာခြင်း ဖြစ်ပါသည်။ ဝါရာသီကုန်နေပြီဖြစ်၍ လှောင်လက်များမှထုတ်ကာ ရောင်းဝယ်နေခြင်း ဖြစ်ပါသည်။ 
ဝါစျေးနှုန်းအနေဖြင့် မေလတွင် ဝါတစ်ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် တစ်လလုံး စျေးငြိမ်နေပြီး ဇွန်လတွင် ဝါတစ်ပိဿာလျှင် ကျပ်(၂၉၀၀ မှ ၃၀၀၀)ထိ စျေးအနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဇူလိုင်လတွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၁၀၀)စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့အတွက် စျေးအနည်းငယ်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News