Local News

မိုးကြိုဝါများပေါ်ချိန်ဖြစ်သော်လည်း ဈေးကွက်အဝင်နည်းလျက်ရှိ

Last Updated:

မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံကို မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် မိုးကြိုရာသီနှင့် မိုးရာသီများ၌ စိုက်ပျိုးကြရာ ယခုနှစ်တွင် မိုးကြိုဝါစိုက်ပျိုးမှုနည်းပါသည်။ စိုက်ပျိုးသည့်ဝါအမျိုး အစားများမှာ ရွှေတောင်ဝါနှင့်ရာကာဝါများကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဝါအထွက်နှင့်အပင်ဖြစ်ထွန်းမှုကောင်းစေရန် ထယ်ရေးညက်ညက်နှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တွဲဖက်အသုံးပြုကြရပါသည်။ မိုးကြိုဝါတစ်ဧကလျှင် ( ၆ )ကျပ်သိန်းခန့်ကုန်ကျပြီး တစ်ဧကအထွက်မှာ ရာသီဥတုနှင့်ကိုက်ညီလျှင် ပိဿာ( ၅၀၀ )ခန့်ထွက်ရှိပြီး ထွက်ရှိလာသောဝါများကို ဒေသတွင်းဝါကြိတ်စက်များနှင့် မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများတွင်ရောင်းချကြပြီး ပွဲရုံများမှ ပြည်တွင်းဈေးကွက်ဖြစ်သည့် မန္တလေးသို့ အဓိကတင်ပို့ကြပါသည်။

ယခုနှစ်တွင် မိုးကြိုဝါအစိုက်နည်းသဖြင့် ရာသီပေါ်ချိန်ဖြစ်သော်လည်း ဈေးကွက်အဝင်နည်းနေကြောင်း၊ လက်ရှိမိုးကြိုဝါဈေးနှုန်းမှာ တစ်ပိသာလျှင် (၃၂၀၀-၃၃၀၀)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် မိုးကြိုဝါတစ်ပိဿာလျှင် (၃၆၀၀-၃၈၀၀)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၈၅၀၀)ကျပ်ရှိခဲ့ပြီး ယခင်နှစ်နှင့်ယခုနှစ်ကာလတူနှိုင်းယှဉ်လျှင် မိုးကြိုဝါတစ်ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းနေကြောင်း၊ ဈေးကွက်တွင်လည်း တစ်ပတ်လျှင် ဝါပိဿာ(၁၀၀)ခန့်သာဝင်ရောက်ကြောင်း သီးနှံပွဲရုံများထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News