ဖရဲသီးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ နှောပင်၊ ဆည်ကြီး၊ ကုန်းတောင်း၊ အပျောက်ရွာများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဖရဲကို ဧပြီလတွင်စိုက်ပျိုးပြီး ဇူလိုင်လတွင် ဆွတ်ခူးကြရပါသည်။ ဟီးရာမျိုးနှင့် ဗဟုဘာလီဖရဲမျိုးကိုအများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသောဖရဲသီးများကို ဒေသတွင်းအပြင် တာချီလိတ်၊ တောင်ကြီးမြို့များသို့ အဓိကတင်ပို့ရောင်းချကြပါသည်။ လက်ရှိဈေးကွက်တွင် ဟီးရာနှင့်ဗဟုဘာလီဖရဲ (၂) မျိုးလုံးတွင် ဖရဲသီးခေါင်သီး (အကြီး) တစ်လုံးလျှင် (၁၈၀၀-၂၀၀၀) ကျပ်၊ ဖရဲသီး (အလတ်) တစ်လုံးလျှင် (၁၂၀၀) ကျပ်၊ ဖရဲသီး (အသေး) တစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရာသီပေါ်ချိန်အစဖြစ်၍ ဈေးကောင်းရရှိလျက်ရှိကြောင်း ဖရဲစိုက်တောင်သူများထံမှသိရှိရပါသည်။
Source: https://www.doca.gov.mm