Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ထိုင်းဘေးကျားစပါး တင်းရေ ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ထိုင်းဘေးကျားစပါး တင်းရေ ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထိုင်းဘေးကျားစပါး တင်းရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ  တစ်လအတွင်း ထိုင်းဘေးကျားစပါး တင်းရေ ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ထိုင်းဘေးကျားစပါးတင်းရေ ၈၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ထိုင်းဘေးကျားစပါးအမျိုးအစားက ဆန်ကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက် ဝယ်လက်တွေက ဝယ်ယူမှုများနေလို့ တင်ပို့အားကောင်းခဲ့တာ ဖြစ်ပါတယ်။ ဆန်၊ စပါးဈေးကွက်မှာ ကို ထိုင်းဘေးကျားစပါးအမျိုးအစားက အဝယ်လိုက်နေတာပါ” ဟု ပန်းတနော်မြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ထိုင်းဘေးကျားစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၂၀၀၅၀၀၀ ထိ ပေါက်ဈေး ရှိကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများအလုပ်အကိုင်အခွင်းအလမ်းများ အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News