Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပဲစင်းငုံ ၂၄ ပြည်ဝင်အိတ် ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပဲစင်းငုံ ၂၄ ပြည်ဝင်အိတ် ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးက ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပဲစင်းငုံ ၂၄ ပြည်ဝင် အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ပဲစင်းငုံ ပြည်ဝင်အိတ်ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပဲစင်းငုံများ ဝယ်ယူမှုအားကောင်းလာခြင်းသည် ပြည်တွင်း ပဲလုပ်ငန်းများ လည် ပတ်မှု အားကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ “လက်ရှိဈေးကွက်ထဲမှာ လက်ကျန်ပဲစင်းငုံ တွေအရောင်း အဝယ်ကောင်းနေပါတယ်။ ပြည်ပဈေးကွက်ကို တင်ပို့နေရတာကြောင့် အရောင်းအဝယ်ကောင်းလာတာပါ။ လက်ရှိ တော့ ပဲစင်းငုံတွေက ပြည်တွင်းမှာ ကုန်လက်ကျန်နည်းနေပါတယ်။ ကျောင်းကုန်းမြို့နယ်ထွက် သီးနှံတွေကို ဒေသပွဲ ရုံတွေကနေ ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကနေ တစ်ဆင့် အခြားဈေးကွက်ကို ပြန်လည်တင်ပို့ရောင်းချနေတာပါ။ နိုဝင်ဘာလထဲမှာ ပဲစင်းငုံ ၂၄ ပြည်ဝင်အိတ်ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်” ဟု ကျောင်းကုန်းမြို့နယ်ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးက ပြောပြသည်။ အဆိုပါ ဒေသထွက် ပဲစင်းငုံ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News