Local News

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးရှဉ့်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးရှဉ့်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်‌ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဝင်းက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လက ငါးရှဉ့်ပိဿာချိန် ၆၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်‌နေ့မှ ၃၀ ရက်နေ့ထိ ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးရှဉ့်များ တင်ပို့ရောင်းချမှုအားကောင်းလာခြင်းသည် ရန်ကုန်ဈေးကွက်က ငါးရှဉ့်များ အဝယ်လိုက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “ဧပြီလ ပထမပတ်လောက်ကတည်းက ငါးရှဉ့်တွေသိသိသာသာ တင်ပို့မှုအားကောင်းခဲ့ပါတယ်။ ငါးရှဉ့်တွေ တင်ပို့ရောင်းချအားတက်ခဲ့တာကလဲ ပြည်တွင်းငါးရှဉ့်လုပ်ငန်း ပြန်လည်လည်ပတ်လုပ်ကိုင်လာတာကြောင့် ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ပြီး ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပဈေးကွက်တွေဆီ ဆက်လက်ဖြန့်ဖြူးရောင်းချအားဖြစ်ပါတယ်။ အခုလိုဝယ်ယူမှုကောင်းလာတော့ ငါးရှဉ့်မွေးမြူသူတွေနဲ့ ရေလုပ်သားတွေ၊ ငါးရှဉ့်ရှာဖွေဖမ်းဆီးသူတွေ အဆင်ပြေလာပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း တင်ပို့ရောင်းချခဲ့ရသည့် ငါးရှဉ့် ၁၀ ပိဿာလျှင် ငွေကျပ် ၁၇၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News