ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင်မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။ ပဲခူးကုန်စည်ဒိုင်တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မ ထဆန်(မနောသုခ) (သစ်)တစ်အိတ် ၆၆၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၄၀၀ဝ ကျပ်နှင့် ဖွဲနုတစ် အိတ် ၂၂၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနောသုခ) (ဟောင်း) တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၇၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၈၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၃၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) (ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်၊  ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် ၃၀၀၀ကျပ်၊ ဈေးများမြင့်တက်၍   ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၅၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၂၀၀ဝ ကျပ်နှင့် ဆန်ကွဲ B(2,3,4)တစ်အိတ် ၁၀၀၀ ကျပ် ဈေးများကျဆင်းပြီး ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)ဈေးများ မြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့် တက်သွားခြင်းဖြစ်ပြီး၊ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲဈေးများကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများ ပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
Source: မြန်မာကုန်သွယ်မှုမြှင့်တင်ရေး
ဧည့်မထဆန်ဈေးများတက်၍ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲဈေးများ ဈေးကျကာ ဖွဲနုဈေးတည်ငြိမ်လျက်ရှိ
                        Category:
                        
                            Local News
                        
                    
                    
                 
                     
                     
                         
                        