Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ရော်ဘာ၊ ပဲမျိုးစုံနှင့် ရေထွက်ကုန် ဈေးနှုန်းဈေးကွက်

Last Updated:

၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေး များမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၂၇၇၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(အသစ်) ကျပ် ၁၀၂၀၀၀၊ မတ်ပဲ ကျပ် ၉၇၈၀၀၊ ပဲလွန်းဖြူ ကျပ် ၇၈၀၀၀၊ ဘိုကိတ် ကျပ် ၇၈၀၀၀၊ ပဲပုတ်(အသစ်) ကျပ် ၁၁၂၀၀၀၊ မြေပဲ ၁၇၈၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၆၇၀၀၊ ငါးခုံးမ ကျပ် ၅၄၀၀၊ ငါးကြင်း ကျပ် ၈၈၀၀၊ တီလားဗီးယား ကျပ် ၁၁၀၀၀၊ ပလာတူး ကျပ် ၄၃၀၀၊ ပလာလန်း ကျပ် ၅၅၀၀၊ ရွှေငါး ကျပ် ၄၈၀၀၊ ငါးကွန်းရှပ် ကျပ် ၁၆၅၀၀၊ ငါးရွေးကြီး ကျပ် ၁၃၀၀၀၊ ငါးပျက် ကျပ် ၉၅၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အကြီး ကျပ် ၉၅၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) အလတ် ကျပ် ၇၇၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အငယ် ကျပ် ၆၀၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။

​မေလ ၂ ရက်နှင့် ‌ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား)တစ်​ပေါင်လျင်‌ ၂၀ ကျပ် ဈေးတက်နေ​ကြောင်း၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းတွင် ပဲတီစိမ်းတစ်တင်း ၂၀၀၀ ကျပ်၊ မတ်ပဲ တစ်တင်း ၆၀၀ ကျပ်၊ ​ မြေပဲတစ်တင်း ၄၀၀၀ ကျပ် စျေးတက်နေပြီး ပဲပုတ်တစ်တင်း ၁၀၀၀၀ ကျပ် ဈေးကျနေသော်လည်း ပဲလွန်းဖြူနှင့် ဘိုကိတ် စျေးငြိမ်​နေ​ကြောင်း၊ ရေထွက်ကုန်နှင့် ရေချို ပုဇွန်ထုပ်များလည်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေ​ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး.

Category: Local News