Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်းဖြစ်ပြီး (၈-၆-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ (၆.၂၉၀) သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၃၄.၉၄၄ %) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ၈ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၇၂၉.၈၃၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၈၂၄)သန်းနှင့် သွင်းကုန် (၃၇၇၁.၄၉၄) တန်၊(၂၇၀၀၂၃.၇၀၀)2U၊ (၃၇၅) BBL၊ (၂၁၁၉၃၆) 2U၊ (၈၆၀၇) U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၄၁၈) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅.၂၄၂) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်း အုပ်စုတွင် (၃၃၆.၆၃၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၉၁) သန်း၊ လယ်ယာထွက်ကုန်ပစ္စည်း အုပ်စုတွင် (၁၄၆၀.၅၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၉၀) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၁၉၃၂.၇၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၀၄၃) သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၂.၈၂၄) သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိက ဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှု အနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၃၉၅၉၇.၈၂၉) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၈.၉၄၁) သန်းအား တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News