Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၄) ရက်နေ့မှ (၈) ရက်နေ့အတွင်း ပို့ကုန်  ပြောင်း (၁) တန်လျှင် (၂၂၅)ဒေါ်လာနှုန်းဖြင့် (၂၇၀၀) တန်၊ တန်ဖိုး (၀.၆၀၈) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့်လည်းကောင်း ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၆) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးမှုန့် (၁) တန်လျှင် (၉၀၇)ဒေါ်လာနှုန်းဖြင့် (၇၅၀) တန်၊ တန်ဖိုး (၀.၆၈၀)ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့်လည်းကောင်း စုစုပေါင်း ပို့ကုန်တန်ဖိုး (၁.၃၀၁) ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်း အထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန် (၄) ရက်နေ့မှ (၈) ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၅၀) ဒေါ်လာနှုန်းဖြင့် (၁၅၀) တန်၊ တန်ဖိုး (၀.၁၂၈) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၆၄၂.၅၂၈) တန်၊ (၆၈၄၇၂) M2၊ တန်ဖိုး (၀.၃၉၉) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၁၀၂၇၀) U၊ တန်ဖိုး (၀.၀၇၈) ဒေါ်လာ သန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၀၀.၆၀၅) ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News