Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဇွန်လ(၂)ရက်နေ့မှဇွန်လ(၈)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ (၈) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၅.၈၆၅) ဒေါ်လာသန်း၊ သွင်းကုန် (၃.၄၄၀) ဒေါ်လာသန်း၊ စုစုပေါင်း (၉.၃၀၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၈၆.၀၉၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇွန်လ (၈) ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ သရက်ပြားချောက်၊ပဲမျိုးစုံ၊ ကော်ဖီစေ့၊ အလူမီနီယဲဖြတ်စ၊ ခဲစက္ကူနှင့် မကျည်းသီး (အစေ့ပါ) တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ မေလ (၂၈) ရက်မှ ဇွန်လ (၁) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆၂၅) တန်၊ တန်ဖိုး (၀.၅၆၄) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၂၆၁.၆၀၀) တန်၊ တန်ဖိုး (၀.၃၈၉) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၁၀၂၃) တန်၊ တန်ဖိုး (၀.၄၄၅) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၂၄.၉)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊  သရက်ပြားခြောက် တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပဲမျိုးစုံ တန်ချိန် (၃၅၃၁) တန်၊ တန်ဖိုး (၂.၈၉၆) ဒေါ်လာ သန်း၊ ကော်ဖီစေ့ တန်ချိန် (၅၆.၁၀) တန်၊ တန်ဖိုး (၀.၁၄၉) ဒေါ်လာသန်း၊  အလူမီနီယံဖြတ်စ တန်ချိန် (၁၀၀.၇) တန်၊ တန်ဖိုး (၀.၁၈၁) ဒေါ်လာသန်း၊ ခဲစက္ကူတန်ချိန် (၁၃) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် မန်ကျည်းသီး (အစေ့ပါ) တန်ချိန် (၁၅.၅) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတန်ချိန် (357.950) တန်၊ တန်ဖိုး (၀.402) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (594.5၀၀) တန်၊ တန်ဖိုး (2.144) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (840.72၀) တန်၊ တန်ဖိုး (၀.496) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင် ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News