Local News

မတ်ပဲဈေးကျဆင်းလျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မတ်ပဲဈေးနှုန်းများ ဩဂုတ်လကုန်အထိ အတက်ဘက်တွင်ရှိခဲ့ ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် ဈေးအမြင့်ဆုံးဖြစ်ခဲ့ရာမှ ဆက်လက်၍ နေ့စဉ်ရက်ဆက် ဈေးဆက်တိုက်ကျဆင်းလာကြောင်း တွေ့ရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်သီတင်းပတ်တွင် ဖြစ်ပေါ်ခဲ့သော မတ်ပဲ ဈေးနှုန်း များ မှာ စက်တင်ဘာလ ၂ ရက်နေ့တွင် မတ်ပဲ ၁ တင်းလျှင် ကျပ် ၁၃၂၀၀၀၊ ၃ ရက်နေ့တွင် ကျပ် ၁၃၅၀၀၀၊ ၄ ရက်နေ့တွင် ကျပ် ၁၃၃၅၀၀၊ ၅ ရက်နေ့တွင် ကျပ် ၁၃၂၅၀၀၊ ၆ ရက်နေ့တွင် ကျပ် ၁၃၁၃၀၀၊ ၇ ရက်နေ့တွင် ကျပ် ၁၃၀၀၀၀၊ ၉ ရက်နေ့တွင် ကျပ် ၁၂၈၀၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၁၂၈၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။ ပြည်တွင်းမတ်ပဲဈေးနှုန်းသည် ပြည်တွင်းငွေကြေးဈေးနှုန်းနှင့် အိန္ဒိယနိုင်ငံ၏ မတ်ပဲ အထွက်နှုန်း၊ ဝယ်လိုအားတို့အပေါ် မူတည်၍ မတ်ပဲဈေး လိုက်ပါကျဆင်းလာကြောင်း တွေ့ရှိရ သည်။

အိန္ဒိယနိုင်ငံ၏ မတ်ပဲအခြေအနေမှာ ယခုစက်တင်ဘာလအတွင်း မတ်ပဲသစ်များ ဈေး ကွက်အတွင်း ဝင်လာမည်ဖြစ်သဖြင့် ဈေးတည်ငြိမ်နိုင်သော်လည်း မတ်ပဲရိတ်သိမ်း ကာလအတွင်း မိုးများနိုင်သဖြင့် မတ်ပဲအထွက်နှုန်း၊ အရည်အသွေးတို့ ကျဆင်းနိုင်သည့်အပြင် အိန္ဒိယနိုင်ငံ၏ ပွဲတော်ရာသီ ဖြစ်သောကြောင့် မတ်ပဲဝယ်လိုအားကောင်းနိုင်ကြောင်း၊ ဈေးကျဆင်းနိုင်ဖွယ် မရှိကြောင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးကွက်အတွင်း ခန့်မှန်းထားကြောင်းသိရှိရသည်။ မြန်မာမတ်ပဲ ပြည်တွင်းဈေးနှုန်းသည်လည်း အိန္ဒိယနိုင်ငံ၏မတ်ပဲဈေးနှုန်းပေါ် မူတည်၍ ဈေးအလွန်အမင်း ဆက်ကျနိုင်ချေမရှိဘဲ တက်ဈေးပြန်ရလာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News