Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၄ စက်တင်ဘာလဒုတိယပတ်အတွင်း ပဲမျိုးစုံ (၁) ပိဿာ ဈေးနှုန်းမှာ ပဲဖြူလေး ၈၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၅၈၀၀ ကျပ်၊ ပဲပုတ် ၇၆၀၀ ကျပ်၊ ပဲလွန်းမဲ ၅၈၀၀ ကျပ်၊ ပဲဒီစိမ်းရွှေဝါ ၄၀၀၀ ကျပ်၊ မတ်ပဲ ၆၀၀၀ ကျပ်၊ မြေပဲဆန် ၁၀၀၀၀ ကျပ်၊ ကိုင်းနှမ်း ၈၀၀၀ ကျပ်နှင့် စမုံနက် ၁၀၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေး လုပ်ငန်း) နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ)  တို့မှ သိရှိရပါသည်။ စက်တင်ဘာလ ပထမပတ် အတွင်း ပဲဖြူလေး ၁ ပိဿာ ၈၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၅၄၀၀ ကျပ်၊ ပဲပုတ် ၁ ပိဿာ ၇၆၀၀ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၅၃၀၀ ကျပ်၊ ပဲဒီရွှေဝါ ၁ ပိဿာ ၄၀၀၀ ကျပ်၊ မတ်ပဲ ၁ ပိဿာ ၆၀၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၉၀၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၈၀၀၀ ကျပ်နှင့် စမုံနက် ၁ ပိဿာ ၁၀၀၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရပါသဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဖြူ၊ ပဲလွန်းမဲနှင့် မြေပဲဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း နှင့် ကျန်ပဲမျိုးစုံဈေးနှုန်းများ ငြိမ်သက်နေပါကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News