Local News

မကွေးမြို့ပေါ်တွင် ကြက်ဥစျေးများကျဆင်း၍ အဆင်ပြေလျက်ရှိ

Last Updated:

မကွေးမြို့ပေါ်ရှိစျေးများတွင် ကြက်ဥစျေးကျဆင်းလာ၍ အိမ်ရှင်မများ အဆင်ပြေစွာ ဝယ်ယူရရှိနေပါသည်။ ကြက်ဥသည် အလွယ်တကူ စားသုံးနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း တို့ကြောင့် စားသုံးသူပြည်သူများ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသည့်အတွက် အိမ်တိုင်းလိုလို ကြက်ဥကို ဝယ်ယူဆောင်ထားလေ့ရှိကြပါသည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် ကြက်ဥ တစ်လုံး ကျပ်(၄၅၀)အထိ အတက်စျေးဖြင့်ဝယ်ယူစားသုံးရကာ ယခုစက်တင်ဘာလတွင် ကြက်ဥ စျေးမှာ တစ်လုံး ကျပ်(၃၀၀)အထိ စျေးသိသာစွာ ကျဆင်းလာသည့်အတွက် တစ်လုံး ကျပ်(၁၅၀) စျေးသက်သာစွာ ဝယ်ယူစားသုံးနိုင်ပြီ ဖြစ်ပါသည်။

              ကြက်ဥသည် ဘဲဥထက် စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိသည့်အတွက် အိမ်ရှင်မများ ကြက်ဥကိုပိုမို ဝယ်ယူစားသုံးကြသည်ကို တွေ့ရှိရသည်။ ကြက်ဥသည် မုန့်လုပ်ငန်းများတွင် လည်း ထည့်သွင်းအသုံးပြုနိုင်သည့်အတွက် စျေးကွက်အတွင်းအရောင်းအဝယ်သွက်သည့် ကုန် စည်တစ်ခုလည်း ဖြစ်ပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News