Local News

နှမ်းနှင့်ပဲမျိုးစုံအရောင်းအဝယ်အေးကာ စျေးကျဆင်းနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်၌ နှမ်းနှင့်ပဲမျိုးစုံတို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခုကာလတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်  သီးနှံများပေါ်ထွက်နေသော်လည်း တောင်သူများအနေဖြင့် မြို့ပေါ်သို့လာရောက်ရောင်းချရန် အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေသောကြောင့် လာရောက်ရောင်းချခြင်း မရှိ သလောက်ဖြစ်နေ၍ အရောင်းအဝယ်အေးကာ သီးနှံစျေးများလည်း အနည်းငယ်ကျဆင်းနေပါသည်။ သီးနှံစျေးနှုန်းများအနေဖြင့် စက်တင်ဘာလဆန်းပိုင်းတွင် နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ် ၆၃၀၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ပိဿာဝင်သုံးတင်းဝင် တစ်အိတ် ၃၄၀၀၀၀ ကျပ်၊ နှမ်းနီ ၄၅ပိဿာဝင်သုံးတင်းဝင် တစ်အိတ် ၃၄၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ(နီ) ၂၀ပိဿာ တစ် တင်း ၁၆၄၀၀၀ ကျပ်၊  ပဲတီစိမ်း ၂၀ပိဿာတစ်တင်း ၆၃၀၀၀ ကျပ်၊ မတ်ပဲ ၂၀ပိဿာ တစ်တင်း ၁၂၇၀၀၀ ကျပ်၊ ကုလားပဲ ၂၀ပိဿာတစ်တင်း ၁၀၀၀၀၀ ကျပ်၊ ပဲကြီး ၂၀ပိဿာ တစ်တင်း ၉၀၀၀၀ ကျပ် စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

              စက်တင်ဘာလလယ်ပိုင်းတွင် နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ် ၅၅၀၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ပိဿာဝင်သုံးတင်းဝင် တစ်အိတ် ၃၃၀၀၀၀ ကျပ်၊ နှမ်းနီ ၄၅ပိဿာ ဝင်သုံးတင်းဝင် တစ်အိတ် ၃၃၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ(နီ) ၂၀ပိဿာတစ်တင်း ၁၅၀၀၀၀ ကျပ်၊  ပဲတီ စိမ်း ၂၀ပိဿာတစ်တင်း ၆၀၀၀၀ ကျပ်၊ မတ်ပဲ ၂၀ပိဿာတစ်တင်း ၁၂၃၀၀၀ ကျပ်၊ ကုလားပဲ ၂၀ပိဿာ တစ်တင်း ၉၃၅၀၀ ကျပ်၊ ပဲကြီး ၂၀ပိဿာတစ်တင်း ၈၈၀၀၀ ကျပ် စျေးတို့ဖြင့် အ ရောင်းအဝယ်ဖြစ်နေပါသည်။ စက်တင်ဘာလဆန်းရက်နှင့် စက်တင်ဘာလလယ်ရက်တို့နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ) ၄၅ပိဿာသုံးတင်းဝင် တစ်အိတ် ၈၀၀၀၀ ကျပ်၊ နှမ်းဖြူနှင့်နှမ်းနီ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ် ၁၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ(နီ) ၂၀ပိဿာတစ်တင်း ၁၄၀၀၀ ကျပ်၊  ပဲတီစိမ်း ၂၀ ပိဿာတစ်တင်း ၃၀၀၀ ကျပ်၊ မတ်ပဲ ၂၀ပိဿာတစ်တင်း ၄၀၀၀ ကျပ်၊ ကုလားပဲ ၂၀ ပိဿာတစ်တင်း ၆၅၀၀ ကျပ်၊ ပဲကြီး ၂၀ပိဿာတစ်တင်း ၂၀၀၀ ကျပ် စျေးအသီးသီး ကျဆင်းနေကြောင်း ကုန်စည်ဒိုင်‌ စျေးနှုန်းများအရ သိရှိရပါသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News