Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂-၃-၂၀၂၄ မှ ၈-၃-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့်ပြောင်း (၁၄,၇၄၆.၆၄၃)တန်၊ တန်ဖိုး(၃.၃၉၉)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၈၀.၇၅၀)တန်၊ တန်ဖိုး(၀.၀၈၀)ဒေါ်လာသန်း၊ လိမ္မော်သီး(၁၈၄.၈၀၀)တန်၊ တန်ဖိုး(၀.၀၂၆) ဒေါ်လာသန်း၊ ထောပတ်သီး(၃၀၂.၀၀၀)တန်၊ တန်ဖိုး(၀.၁၆၄)ဒေါ်လာသန်း၊ငရုတ်သီးခြောက် (၁၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ Manganese Dioxide (၃၀၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ တံမြက်စည်း(၁၃၀.၉၀၀)တန်၊ တန်ဖိုး(၀.၀၃၉)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၀၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) အပါအဝင် ပို့ကုန်တန်ဖိုး (၃.၇၈၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၈၈.၅၈၀)ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၂-၃-၂၀၂၄ မှ ၈-၃-၂၀၂၄) တွင် ဓာတ်ဆီ (၁,၄၉၅) BBL ၊ တန်ဖိုး(၀.၁၅၆) ဒေါ်လာသန်း၊ ဒီဇယ် (၅၂၄) BBL ၊ တန်ဖိုး(၀.၀၅၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၂၀၉) ဒေါ်လာသန်း၊ လယ်ထွန်စက်များ (၀.၀၀၆) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း(၀.၀၀၁)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၀၅) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၁၄) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၂၇)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၆၂)အပါအဝင် သွင်းကုန်တန်ဖိုး (၁.၀၃၄)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News