Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့် (၁) တန်လျှင် (၁၈၁၃) ဒေါ်လာနှုန်းဖြင့် (၂၇) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ငါးကြိတ်သား (၁) တန်လျှင် (၈၉၈) ဒေါ်လာနှုန်းဖြင့် (၁၂၆၀) တန်၊ တန်ဖိုး (၁.၁၃၁) ဒေါ်လာသန်းတို့ကို အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေ ခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ သတ္ထု (၁) တန်လျှင် (၁၅၄၅၀) ဒေါ်လာနှုန်းဖြင့် (၃၅.၈၉) တန်၊ တန်ဖိုး (၀.၅၅၅) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၁.၇၃၅) ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အတွင်း ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၇) ဒေါ်လာနှုန်းဖြင့်(၁၃၀၀) တန်၊ တန်ဖိုး (၁.၀၈၈) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန် လျှင်(၈၉၂) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန်၊ တန်ဖိုး(၀.၁၃၄) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၂၀.၆၈) တန်၊ (၅၅၀)U၊ တန်ဖိုး(၀.၇၇၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၁၁၁၀.၁၈၇)တန်၊ (၁၂၃၁၈)U တန်ဖိုး (၀.၅၄၂) ဒေါ်လာသန်း၊ လူသုံးပစ္စည်း (၁၇၃)U တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၅၅၂)ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၀.၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News