Local News

ပြည်တွင်းကြက်သွန်ဈေးနှုန်းများအခြေအနေ

Last Updated:

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၄၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၃၀၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၄၀၀၊ မုံရွာ ရှယ် ကျပ် ၂၄၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၃၀၀၊ မုံရွာလတ်သန့် ကျပ် ၂၂၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၄၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၃၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၃၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၀၀ အသီးသီး ဈေးကျဆင်းခဲ့ပြီး မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၂၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၂၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၆၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၈၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၇၅၀၀အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး အောင်ပန်းထူး-၂  ကျပ် ၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၇၀၀၊ အောင် ပန်းထူး-၄ ကျပ် ၈၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

Category: Local News