Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆံကို ဆီစက်ပိုင်များ အဝယ်သွက်၍ ဈေးမြင့်လာ

Last Updated:

ဇွန်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတလျှောက်နှင့် အညာဒေသမှ မြေပဲဆံများ ဝင်ရောက်နေကြောင်းသိရသည်။ မြေပဲဆံများသည် တရုတ်ဝယ်လက်မှ ဝယ်ယူမှုအေးသော်လည်း စားအုန်းဆီဈေးမြင့်တက်လာ၍ စားအုန်းဆီအစား မြေပဲဆီစားသုံးမှု ပိုမိုများပြားလာပြီး ဆီစက်ပိုင်များမှ ဝယ်ယူနေသောကြောင့် ယခင်မေလလယ်လောက်မှစ၍ အရောင်းသွက်၍ ဆက်တိုက်ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆံ (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၀၀၀ မှ ၇၈၀၀၊ ယခင်တစ်ပတ် ကျပ် ၇၆၀၀ မှ ၇၄၀၀၊ ယခင်လကျပ် ၇၀၀၀ မှ ၆၈၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ်  ၄၀၀၊ ယခင်လထက် ကျပ် ၁၀၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆံ (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၇၅၀၀ မှ ၇၃၀၀၊ ယခင်တစ်ပတ်ကျပ် ၇၄၀၀ မှ ၇၃၀၀၊ ယခင်လကျပ် ၇၃၀၀ မှ ၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက် ကျပ်  ၁၀၀၊ ယခင်လထက်ကျပ် ၂၀၀ မှ ၃၀၀ မြင့်တက်လာသည်။

S1 ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၅၀၀ မှ ၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၆၉၀၀ မှ ၆၄၀၀၊ ယခင်လကျပ် ၆၂၀၀ မှ ၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၆၀၀၊  ယခင်လထက်ကျပ် ၁၀၀၀ မှ ၁၃၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                          

 

Category: Local News