Local News

ဧည့်မထဆန်၊ ဆန်ကွဲB(2,3,4)၊ ဖွဲနုဈေးများထပ်မံ မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၇.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀၀ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀၀ဝကျပ် နှင့် ဖွဲနု တစ်အိတ် ၁၅၃၀ဝကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၄.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၅၀၀ဝကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၈၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀ဝကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ် ၁၀၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်၂၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၆၀ဝကျပ် တို့ဖြင့်ထပ်မံ၍ ဈေးမြင့်တက်ခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ B (1,2) ဈေးများအနေဖြင့် ဈေးတည် ငြိမ်လျက် ရှိပါသည်။ ဧည့်မထဆန် (မနောသုခ)(ဟောင်း)၊ ဧည့်မထဆန် (မနောသုခ)(သစ်)၊ ဆန်ကွဲ B(2,3,4) နှင့် ဖွဲနုဈေး မြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News