Local News

ကျောက်ဆည်ခရိုင်၌ ပဲတီစိမ်း(မိုးကြို)သီးနှံများ အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း (မိုးကြို) သီးနှံ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်၌ ၅၇၆၁ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၄၄၉၇ ဧက၊ မြစ်သားမြို့နယ်၌ ၈၄၁၁ ဧက၊ စုစုပေါင်း ၁၈၆၆၉ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

ပဲတီစိမ်း (မိုးကြို) သီးနှံကို မတ်လမှစတင်၍ ဆည်ရေသောက် ရေသွင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင်မျိုးအနေဖြင့် အရည်အသွေးနှင့်အထွက်နှုန်း ကောင်းမွန်သော ရေဆင်း-၁၁ မျိုးနှင့် ကျောက်စိမ်းမျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

ပဲတီစိမ်း (မိုးကြို) သီးနှံကို ဇွန်လဆန်းမှ စတင်၍ ရိတ်သိမ်းလျက်ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် ပဲတီစိမ်း (မိုးကြို) သီးနှံဈေးနှုန်းများမှာ ယခင်နှစ်ထက် ဈေးနှုန်းပိုမိုကောင်းမွန်သည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News