Local News

မွန်ပြည်နယ်ဒေသထွက် နာနတ်သီးများ အရောင်းအဝယ်သွက်လျက်ရှိ

Last Updated:

မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံ၊ ရေး စသည့်မြို့နယ်များတွင် နာနတ်သီးပင်များကို အများဆုံးစိုက်ပျိုးကြပြီး နာနတ်သီးပင်များ စိုက်ပျိုးရာတွင် ရော်ဘာပင်တန်းများကြားတွင် သီးညှပ်စိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် နာနတ်သီးမှည့်များ ထွက်ပေါ်လျက်ရှိပြီး နာနတ်သီး ဈေးနှုန်းများအနေဖြင့် အရွယ်အစားအပေါ်မူတည်၍ ရောင်းချလျက်ရှိကာ ပွဲစားများမှ နာနတ်သီးခြံများသို့ လာရောက်ဝယ်ယူ၍ ဒေသတွင်းဈေးကွက်နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ယခုနှစ်မိုးဦးကာလတွင် မွန်ပြည်နယ်ထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးဝလံရောင်းချသူများထံမှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News