Local News

ဘီးလင်းမြို့နယ်တွင် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရကာ ကြက်မောက်ခြံစိုက်ပျိုးသူများ အဆင်ပြေ

Last Updated:

ဘီးလင်းမြို့နယ်၏ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများထွက်ရှိကာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။ ဘီးလင်းမြို့နယ် ဆင်စုကျေးရွာ၊ ကျောက်ရေတွင်းကျေးရွာတို့တွင် ကြက်မောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ကြက်မောက်ပင်များကို စိုက်ပျိုးပြီး (၃) နှစ်ခန့်အကြာတွင် စတင် အသီးသီး၍ ခူးယူရရှိနိုင်ပြီး အခြားနှစ်ရှည်ပင်များထက် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန်သင့်တော်ကြောင်း ဆင်စုကျေးရွာနေ ကြက်မောက်ပင်စိုက်တောင်သူတစ်ဦးကပြောသည်။ ကြက်မောက်ပင် တစ်ပင်လျှင် အသီး (၁၀၀၀) ခန့် ခူးဆွတ်ရရှိပြီး တစ်လုံးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရရှိကာ မြို့ပေါ်ဈေးနှင့် ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

Source: https://www.doca.gov.mm

Category: Local News