International News

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် ယခုနှစ် ပထမ(၅)လတာကာလတွင် အမေရိကန်ဒေါ်လာ ၄၉၃.၁ သန်းတန်ဖိုးရှိသည့် ငရုတ်ကောင်းတန်ချိန် ၁၁၄၄၂၄ တန်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ပမာဏအားဖြင့် ၁၃.၂ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၂၀.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အနက်ရောင်ငရုတ်ကောင်း၏ ပျမ်းမျှတင်ပို့မှုတန်ဖိုးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၁၉၇ ရှိပြီး အဖြူရောင်ငရုတ်ကောင်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀၄ ရှိကြောင်း၊ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် အမေရိကန်ဒေါ်လာ ၇၅၄ နှင့် အမေရိကန်ဒေါ်လာ ၈၄၉ စသည်ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အမေရိကန်နိုင်ငံသည် တန်ချိန် ၃၀၄၆၆ တန်ဖြင့် အကြီးမားဆုံးတင်သွင်းသူဖြစ်ပြီး စုစုပေါင်းပမာဏ၏ ၂၆.၆ ရာခိုင်နှုန်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄၄.၄ ရာခိုင်နှုန်းတိုးမြှင့်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အီတလီ၊ ဂျာမနီ၊ ရုရှားတို့မှာလည်း ၁၇ ရာခိုင်နှုန်း၊ ၁၀၃.၂ ရာခိုင်နှုန်းနှင့် ၄၉.၇ ရာခိုင်နှုန်းတို့ဖြင့် ကြီးမားစွာပိုမိုတိုးမြှင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းတင်ပို့မှုကို အမေရိကန်၊ အိန္ဒိယ၊ ဂျာမနီ၊ နယ်သာလန်၊ တောင်ကိုရီးယားနှင့် အီဂျစ်တို့၏ဈေးကွက်များသို့ အရောင်းမြှင့်တင်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဈေးကွက်များစွာသို့တင်ပို့မှုမှာ ပမာဏနှင့် တန်ဖိုးတို့တွင် သိသာစွာမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း၏ ပြောကြားချက်အရ ယခုနှစ်အတွက် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းထုတ်လုပ်မှုပမာဏမှာ ခန့်မှန်းတန်ချိန် ၁၇၀၀၀၀ တန်ဖြင့် လွန်ခဲ့သည့်နှစ်ထက် ၁၀ ရာခိုင်နှုန်းလျော့နည်းနိုင်ကြောင်းနှင့် အဆိုပါပမာဏသည် ၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် တခြားငရုတ်ကောင်းတင်ပို့သည့်နိုင်ငံများဖြစ်သည့် ဘရာဇီး၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် အသေးစားထုတ်လုပ်ကြသည့် မလေးရှားနှင့် သီရိလင်္ကာနိုင်ငံတို့တွင်လည်း ထုတ်လုပ်မှုကျဆင်းနေကြောင်းသိရှိရပါသည်။

 Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News