Local News

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးနှုန်းများ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးထွက်ရှိသည့် ဆန်စပါးများ၏ ဒေသတွင်းစား၍ ပိုလျှံသည်များကို မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို အများဆုံးတင်ပို့ရောင်းချကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း တင်ပို့ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၄၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင် ငွေကျပ်  ၁၃၅၀၀၀၊ ဧရာမင်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ အိတ်ရေ ၁၀၀၀ တန်အားဖြင့် ၅၀ တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။

Source: https://www.doca.gov.mm

Category: Local News