Local News

ပခုက္ကူကုန်စည်ဒိုင်၌ ဩဂုတ်လ(ပထမပတ်)တွင် ပဲယင်းနီများအရောင်းအဝယ်ဖြစ်နေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှထွက်ရှိသော ပဲယင်းနီအမျိုးမျိုး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲယင်းနီကို ပခုက္ကူမြို့နယ်သာမက ဂန့်ဂေါခရိုင်မှ လည်းစိုက်ပျိုးကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်အတွင်းသို့ အခြားဒေသများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပခုက္ကူမြို့သည်မြို့၏ စီးပွားရေးအချက်ချာကြသော မြို့တစ်မြို့လည်းဖြစ်ပါသည်။

ပခုက္ကူကုန်စည်ဒိုင်တွင်  ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ပဲယင်းဝါတစ်တင်းလျှင် ကျပ် (၅၅၂၀၀)၊ မြစ်ခြေပဲယင်း တစ်တင်းလျှင် ကျပ်(၅၇၂၀၀)ဖြစ်ပြီး ယခင်လတွင် ပဲယင်း တစ်တင်းလျှင် ကျပ်(၅၂၀၀၀)ရှိခဲ့ပြီး  ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၃၂၀၀ မှ ၅၀၀၀)ဈေးတက်နေခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ်နေ့လျှင် အိတ်ရေ (၅၀မှ၃၀၀)ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News