International News

၂၀၂၄ခုနှစ်၏ ပထမ ၇လတာကာလတွင် လယ်ယာ-သစ်တော-ရေထွက်ကုန်တင်ပို့မှု ၁၉% နီးပါးမြင့်တက်ခဲ့သည့် ဗီယက်နမ်နိုင်ငံ

Last Updated:

၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာကာလတွင် လယ်ယာ-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၄.၂၇ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက်  ၁၈.၈% မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MABD) ကပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် လယ်ယာ-သစ်တော-ရေထွက်ကုန်ကဏ္ဍမှတစ်ဆင့် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၉.၄၂ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် ၆၀% မြင့်တက်ခဲ့ကြောင်း အချက်အလက်များကဖော်ပြခဲ့သည်ဟုသိရှိရပါသည်။ ဇူလိုင်လတစ်လတည်းတွင် အဆိုပါထုတ်ကုန်များတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၁၁ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီကာလထက် ၁၈.၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၈.၂၁% ဘီလီယံ၊ သစ်တောထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၉.၄၁ ဘီလီယံ၊ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၂၉ ဘီလီယံနှင့် မွေးမြူရေးထွက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၈ သန်းရရှိခဲ့ကာ ၂၃.၄%၊ ၂၁.၁%၊ ၇.၃% နှင့် ၄.၈% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။

ထို့ပြင် သစ်နှင့်သစ်ထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၇၈ ဘီလီယံ၊ ကော်ဖီမှ အမေရိကန်ဒေါ်လာ ၃.၅၄ ဘီလီယံ၊ ဆန်မှ အမေရိကန်ဒေါ်လာ ၃.၂၇ ဘီလီယံ၊ သီဟိုဠ်စေ့မှ အမေရိကန်ဒေါ်လာ ၂.၃၇ ဘီလီယံ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်မှ အမေရိကန်ဒေါ်လာ ၃.၈၃ ဘီလီယံ၊ ပုစွန်မှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ၊ Tra Fish မှ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။

အထူးသဖြင့် ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ငရုတ်ကောင်းတို့၏ ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းများလည်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့သည် ဗီယက်နမ် လယ်ယာ-သစ်တော-ရေထွက်ကုန်များ၏ အကြီးမားဆုံးတင်သွင်းသူများဖြစ်ကြောင်းသိရပါသည်။

Source : Vietnam Plus

Source: https://www.doca.gov.mm

Category: International News