Local News

ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ၂၄ ပြည်ဝင် ဗိုလ်ကိတ်ပဲအိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ၂၄ ပြည်ဝင် ဗိုလ်ကိတ်ပဲအိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီထွန်းက ပြောပြ၍ သိရသည်။

‌ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်းက ၂၄ ပြည်ဝင် ဗိုလ်ကိတ်ပဲ အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၂၄ ပြည်ဝင် ဗိုလ်ကိတ်ပဲအိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ဗိုလ်ကိတ်ပဲများကို ရေကြည်မြို့နယ်မှလယ်ယာထွက်ကုန် ရောင်းဝယ်ရေးပိုင်ရှင်များမှ ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ရေကြည်မြို့နယ်ကနေ ရန်ကုန်မြို့ကို ဇူလိုင်လထဲမှာ ၂၄ ပြည်ဝင် ဗိုလ်ကိတ်ပဲအိတ်ရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဘက်ကအဝယ်လိုက်နေပါတယ်။ ဗိုလ်ကိတ်ပဲတွေကို ရန်ကုန်ဈေးကွက်က ပြည်လည်ဝယ်ယူမှုအားကောင်းလာပါတယ်။ ဒေသထွက်ပဲတွေ စပါးတွေကို ရေကြည်ဘက်က ကုန်သည်ပွဲရုံလုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မြို့ကို ပဲအများစုတင်ပို့ရောင်းချတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်ကို ဗိုလ်ကိတ်ပဲတွေ တင်ပို့ကုန်တက်လာတော့ ကုန်သည်လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ ဝင်ငွေရရှိကာ အဆင်ပြေနေပါတယ်”ဟု ရေကြည်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီထွန်းက ပြောပြသည်။

‌ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ၂၄ ပြည်ဝင် ဗိုလ်ကိတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဗိုလ်ကိတ်ပဲများ ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်၊ ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News