Local News

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဇလွန်မြို့နယ်ရှိ SMEs ထုတ်ကုန်ဖြစ်သော ပဲကြွပ်ကြော်လုပ်ငန်း

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဒေသထုတ်ကုန်ဖြစ်သော ပဲကြွပ်ကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း၊ တိုင်းအတွင်း မြို့နယ်များသို့  ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ပဲကြွပ်ကြော်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပဲနီပြား၊ ဆီ၊ ဆား တို့ကိုအသုံးပြုပါသည်။ အဓိကအသုံးပြုသောပဲနီပြားကို ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်မှ ဝယ်ယူပြီး တစ်ပတ်လျှင် (၆) တင်းခန့် ကြော်ရကြောင်း သိရှိရသည်။ ပဲနီပြားခြောက်တင်းလျှင် ဆီ၊ ဆား၊ ထင်းနှင့် လုပ်သားခ၊ ပလပ်စတစ်ထုတ်ပိုးမှုအပါအဝင် (၁၁၇၀၀၀၀/-)ခန့်ကုန်ကျကြောင်း၊ အထုပ်ကြီး ၁ထုပ် လျှင် ၅၇၀၀ ကျပ်၊ အလတ်တစ်ထုပ်လျှင် ၁၅၀၀ ကျပ်နှင့် အသေးတစ်ထုပ်လျှင် ၈၀၀ ကျပ်ရောင်းချရပါသည်။   ပဲနီပြားခြောက်တင်းကုန်လျှင် ၁၂၅၀၀၀၀/- ဝန်းကျင်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၈၀၀၀၀/-ကျပ်)ရရှိပါသည်။   ပဲကြွပ်ကြော်ပြုလုပ်ရာတွင် ပဲနီပြားကို ရေ၊ ဆော်တာနှင့် တစ်ရက်စိမ်ရပြီး၊ နောက်တစ်ရက်ပြန်ဖြန့်ကာ တတိယမြောက်နေ့တွင် ဆီ၊ ဆားနှင့် ကြော်ကာ အအေးခံ၍ထုတ်လုပ်ပါသည်။ မိုးတွင်းကာလများတွင် ရောင်းအားအနည်းငယ်သာရောင်းချရပြီး၊ နွေဦးကာလများတွင် ဘုရားဖူးလာသူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ်ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန်ကြောင်း သိရှိရ သည်။  မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသောအကျိုးအမြတ်ရရှိပါသည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

Source: https://www.doca.gov.mm

Category: Local News