Local News

ရှမ်းပြည်ဒေသထွက် ခေါပုတ်နှင့် ကောက်ညှင်းကျည်တောက် (ခ) ပေါင်းတင်းဝါး (ခ) ခဲတံချောင်း

Last Updated:

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဒေသထွက်ရှမ်းအစားအစာများဖြစ်သည့် ကောက်ညှင်းဆန်နှင့်ပြုလုပ်ထားသည့် ခေါပုတ်နှင့် ကောက်ညှင်းကျည်ထောက် (ခ) ပေါင်းတင်းဝါး (ခ) ခဲတံချောင်းများကို စားသုံးသူများ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး သုံးစွဲလျက်ရှိကြောင်း၊ ယခင်က ဆောင်းတွင်းကာလမှာသာ ရောင်းချမှုရှိပြီး ယခုအချိန်တွင် စားသုံးမှု၊ သုံးစွဲမှုများလာသည့်အတွက် ရာသီမရွေးရောင်းချလျက်ရှိကြောင်း သိရှိရသည်။ တောင်ကြီးမြိုသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများမှာလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူကြကြောင်း သိရှိရသည်။

ရာသီဥတုအေးမြသည့် ဆောင်းတွင်းကာလ၌ ခေါပုတ်၊ ကောက်ညှင်းကျည်တောက်များကို မီးဖိုပေါ်တွင် ကင်၍တစ်မျိုး၊ ကြော်၍တစ်မျိုး၊ ထန်းလျက်၊ ငါးခြောက်ဖုတ်၊ အကြော်စုံများဖြင့် စားသုံးကြကြောင်း သိရှိရသည်။

ငှက်ပျောဖတ်နှင့်ထုပ်ပြီးသား ခေါပုတ်တစ်ထုပ်လျှင် (၃၀၀ဝိ) ကျပ်မှ (၅၀၀ဝိ) ကျပ်ဈေးအထိရှိကြောင်း၊ ကောက်ညှင်းကျည်တောက်များမှာ ကောက်ညှင်းရိုးရိုးဖြင့်ပြုလုပ်ထားပါက တစ်ပေချောင်းတစ်ချောင်းလျှင် (၁၅၀ဝိ) ကျပ်မှ (၂၅၀ဝိ) ကျပ်ဖြင့်လည်းကောင်း၊ ကောက်ညှင်းရိုးရိုးမဟုတ်ဘဲ မြေပဲနှင့်အုန်းသီးရောပါလျှင်(၂၀၀ဝိ) ကျပ်မှ (၆၀၀ဝိ) ကျပ်အထိလည်းကောင်း၊ အချိန်ဖြင့်ရောင်းချပါက နှစ်ဆယ့်ငါးကျပ်သားကို (၃၅၀ဝိ) ကျပ်ဖြစ်ကြောင်း၊ အရွယ်အစားအလိုက် အကြီး၊ အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

ကောက်ညှင်းဖြင့်ပြုလုပ်ထားသော ရာသီအစားအစာတစ်ခုဖြစ်သည့်  ကောက်ညှင်းကျည်တောက် (ခ) ပေါင်းတင်းဝါး (ခ) ခဲတံချောင်းမုန့်ကို တစ်မြို့နှင့်တစ်မြို့၊ ဒေသတစ်ခုနှင့်တစ်ခု အခေါ်အဝေါ်တူညီမှုမရှိဘဲ ကွဲပြားကြောင်းသိရှိရသည်။ ရာသီအစားအစာဖြစ်သောကြောင့် စားသုံးသူများပိုမိုများပြားလာသည့်အပြင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချကြသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်တွင်လျက် ရောင်းအားကောင်းနေကြောင်း သိရှိရသည်။

source: https://www.doca.gov.mm

Category: Local News